About Us
လျှို့ဝှက်ခုခံတိုက်ခိုက်ရေး အထူးတပ်ဖွဲ့
လျှို့ဝှက်ခုခံတိုက်ခိုက်ရေး အထူးတပ်ဖွဲ့ (P3. 9918) ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၌ စတင်ဖွဲစည်းခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) တို့၏ ဦးဆောင်မှုဖြင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်ပါသည်။
တော်လှန်ရေး ၃ နှစ်တာကာလအတွင်း ကယားပြည်နယ်၊ ရှမ်းတောင်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတို့တွင် မဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်းကာ စစ်ဆင်ရေးပေါင်း ၃၀ ကျော် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး ရန်သူစစ်ကောင်စီဘက်မှ တပ်သား (၄၀၀) ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါသည်။ မိမိတို့ဘက်မှ ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် ပြည်သူလူထု လိုလားတောင်းတသောဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရန် နေ့ညမပြတ်ကြိုးပမ်းအားထုတ်လျှက် ရှိပါသည်။